မွန်ဂိုလီးယားသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်း လေ့လာတင်ပြသည့် စာတမ်းဖတ်ပွဲ

Thu, 09/29/2016 - 23:29 -- admin
Thumbnail_photo: 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဝင်း၏ “မွန်ဂိုလီးယားသမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးအကြောင်း” လေ့လာတင်ပြသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို (၂၀.၉.၂၀၁၆)ရက်နေ့ မွန်းလွဲ (၁:၀၀)နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။