ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ်မှ ပါမောက္ခ Dr. Xavier Philippe ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ

Wed, 06/15/2016 - 22:06 -- admin

နေပြည်တော် ဇွန် ၁၄

              နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးညီညီအား ပြင်သစ်နိုင်ငံ Aix-Marseille တက္ကသိုလ် Louis Favoreu Institute  မှ ဌာနမှူး ပါမောက္ခ Dr. Xavier Philippe ​ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၁၄.၆.၂၀၁၆)ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။        

              ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

              တွေ့ဆုံဆွေးနွေးပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်သော ဦးခင်မောင်ချို၊ ဦးတွာကျင်လ်ပေါင်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးတို့ တက်ရောက်ကြသည်။