သုတေသနဆိုင်ရာ လုပ်ငန်းကိစ္စများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး ဆွေးနွေး

Wed, 12/21/2016 - 03:01 -- admin

 

နေပြည်တော် ဒီဇင်ဘာ ၂၁ ရက်

                        နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်သော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင် တို့သည် International Institute for Democracy and Electoral Assistance (IDEA) ရုံးမှ အကြီးအကဲဖြစ်သူ Mr. Mark McDowell အား ၂၁.၁၂.၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

                        ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သုတေသန လုပ်ငန်းရပ်များတွင် IDEA က ပူးပေါင်းကူညီဆောင်ရွက် ပေးရေး၊ ခုံရုံးသုတေသနအဖွဲ့တွင် ပါဝင်သော အရာရှိများ၏ ဗဟုသုတနှင့် အတွေ့အကြုံများ မြင့်မားလာစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲများ ပူးတွဲကျင်းပရေး၊ IDEA က သုတေသနပြု ထုတ်ဝေထားသည့် စာအုပ်စာတမ်းများအား ခုံရုံးသုတေသနအဖွဲ့ လေ့လာနိုင်ရန် စာကြည့်တိုက်သို့ လှူဒါန်းရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

                        တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်သော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင်၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြား​ရေးမှူး (လုပ်ထုံးနှင့် သုတေသန) တို့တက်ရောက်ခဲ့ကြသည်။