နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ Myanmar Democracy Fellowship (MDF) မှ သင်တန်းသားများ လာရောက်လေ့လာ

Sun, 03/12/2017 - 22:30 -- admin

နေပြည်တော်

                        Myanmar Democracy Fellowship (MDF) မှ သင်တန်းသားများပါဝင်သော လေ့လာရေးအဖွဲ့သည် ၈.၃.၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာခဲ့သည်။ အဆိုပါ လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယ ညွှန်ကြားရေ:မှူးချုပ်၊ ညွှန်ကြားရေးမှူးများက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်း အမှတ်(၂)တွင် လက်ခံတွေ့ဆုံသည်။ ထိုသို့ လက်ခံတွေ့ဆုံရာတွင် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး(တရားရေး) တို့က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ၏ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များနှင့်ခုံရုံးသို့တင်သွင်းလွှာ တင်သွင်းပုံအဆင့်ဆင့် တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် လေ့လာရေးအဖွဲ့ သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းကြရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။