International IDEA မှ ပရိုဂရမ်မန်နေဂျာ Mrs. Annamari Salonen အား လက်ခံတွေ့ဆုံခြင်း

Sun, 03/12/2017 - 22:40 -- admin

နေပြည်တော်

                        နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချိုနှင့် ဦးတွာလ်ကျင်ပေါင်တို့သည် International IDEA မှ ပရိုဂရမ်မန်​​နေဂျာ Mrs. Annamari Salonen အား ၉.၃.၂၀၁၇ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

                   ထိုသို့ တွေ့ဆုံရာတွင် My Constitution Programme ၏ မူဘောင် အတွင်းမှဆောင်ရွက်မည့် အကူအညီအထောက်အပံ့နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ခုံရုံးသုတေသနအဖွဲ့၏ သုတေသနလုပ်ငန်းကိစ္စရပ်များတွင် ပေါင်းစပ်ကူညီဆောင်ရွက် ပေးရေး၊ သုတေသနအရာရှိများ၏ အရည်အသွေးမြင့်မားစေရေးအတွက် အလုပ်ရုံဆွေးနွေး ပွဲများ၊ သင်တန်းများ ပူးပေါင်းကျင်းပရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စာအုပ်စာတမ်း များ ထောက်ပံ့ကူညီပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

                   အဆိုပါ တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင်၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။