“အပြန်အလှန်ထိန်းကျောင်းမှုများကို နှိုင်းယှဉ်လေ့လာရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Mon, 05/08/2017 - 04:10 -- admin

နေပြည်တော် မေ ၈

          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သုတေသနအဖွဲ့၏ သုတေသနလုပ်ငန်း များ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိ အမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် Institute For Democarcy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “အပြန်အလှန်ထိန်းကျောင်းမှုများကို နှိုင်းယှဉ်လေ့လာရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး များ၏ အခန်းကဏ္ဍ (Vertical and Horizontal Checks and Balances)” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

              အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် က အဖွင့်အမှာစကား ပြောကြားပြီး International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲ  မနက်ပိုင်း အစီအစဉ် များကို ဆက်လက်ပြုလုပ်ခဲ့ရာ International IDEA မှ Senior Programme Manager, Mr. Sumit Bisarya က “Vertical and Horizontal Checks and Balances in federal systems” ခေါင်းစဉ်နှင့်“Role and functions of the Constitutional Tribunals in the Checks and Balances of Federal Systems” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ပြီး ဆွေးနွေးသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ ခုံရုံးသုတေသနအဖွဲ့နှင့် စာတမ်းရှင်တို့က အဖွဲ့လိုက် ပြန်လည်ဆွေးနွေး အမြင်ချင်းဖလှယ်ကြသည်။

              ဆက်လက်၍ ဆွေးနွေးပွဲ မွန်းလွဲပိုင်း အစီအစဉ်များကို ကျင်းပပြုလုပ်ရာ Mr. Sumit Bisarya က “General comparative overview of the design of constitutional tribunals”​ခေါင်းစဉ်နှင့်“The role of nascent Constitutional Tribunals in executing Check and Balance lessons from emerging democracies” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးဖြေကြားခဲ့သည်။

              အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံး သုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။