နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ရုရှားသမ္မတနိုင်ငံသို့ထွက်ခွာ

Tue, 05/16/2017 - 23:25 -- admin

နေပြည်တော် မေ ၁၅

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားသမ္မတနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ မေ ၁၅ ရက်မှ ၁၉ ရက်ထိ ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားမျှတမှု၊ တရားစီရင်မှုဆိုင်ရာ မူသဘောနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှု ("Constitutional Justice: Doctrine and Practice") အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်အတွက် ၁၅−၅−၂၀၁၇ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၅ဝ တွင် လေကြောင်းခရီးဖြင့် ထွက်ခွာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ကြသည်။

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်အတူ အဖွဲ့ဝင်အဖြစ် ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း လိုက်ပါသွားပါသည်။