နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၁၇ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခြင်း

Tue, 07/04/2017 - 00:00 -- admin

နေပြည်တော် ဇူလိုင် ၄

          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၇ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ၄-၇-၂၀၁၇ ရက်နေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ရုံးအမှတ် ၅၄ ရုံးရှေ့ဥပစာ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်များ စိုက်ပျိုးပေးကြသည်။

          ထို့နောက် အရာထမ်း အမှုထမ်းများက ရတနာတန်းဝင် အပင်များနှင့် အရိပ်ရ လေကာပင်များကို စိုက်ပျိုးကြရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေး ကြသည်။

          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၇ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ တမာစသည့် အပင်ပေါင်း ၁၀၀၀ ကျော်ကို စိုက်ပျိုးခဲ့သည်။