တောင်ငူတက္ကသိုလ်၊ ဥပဒေပညာဌာနမှ လာရောက်လေ့လာခြင်း

Fri, 07/28/2017 - 00:19 -- admin

 

တောင်ငူတက္ကသိုလ်၊ ဥပဒေပညာဌာနမှ လာရောက်လေ့လာခြင်း

          တောင်ငူတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာနှင်းနှင်း စောလှမောင် ဦးဆောင်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက် လေ့လာကြသည်။

          အဆိုပါ အဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ခေတ္တညွှန်ကြားရေ:မှူးချုပ် ဦးလှဌေးက ခုံရုံးဖွဲ့စည်းပုံနှင့် ရုံးလုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက ပြန်လည်ဖြေကြား ခဲ့သည်။

          ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက လေ့လာရေးအဖွဲ့အား ခုံရုံးမှ ထုတ်ဝေသည့် စာအုပ်များအား အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ရုံးခန်းအမှတ်(၁)သို့ သွားရောက်လေ့လာခဲ့ကြသည်။