“ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းသော ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖက်ဒရယ်စနစ်ရှိ ဥပဒေရေးရာ ပြန်လှန်သုံးသပ်ခြင်း(Judicial Review)” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Tue, 09/26/2017 - 03:10 -- admin

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိအမြင်ဗဟုသုတများ ကျယ်ပြန့်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် International Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “Interpretation of a Constitution and Statutes: Judicial Review in Federal Systems” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ် ခဲ့သည်။

 အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး International IDEA မှ Programme Manager, Ms. Annamari Salonen က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ရာ ပါမောက္ခ  Cheryl Saunders က "Potential Issues for Judicial Review in Federal Systems" ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။