Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA Myanmar တို့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၃

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့်သည် International IDEA Myanmar ၏အကြီးအကဲ Mr.Mark Mc Dowell အား ယနေ့မွန်းလွဲ ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းဆောင်ရွက်မှု များအတွက် အထောက်အကူ ဖြစ်စေမည့်ကိစ္စရပ်များဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း အခြေခံမူများနှင့် လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်စနစ်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများ၏ လွတ်လပ်မှုရှိခြင်းနှင့် ဘက်လိုက်မှုမရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း အကြောင်းအရာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် IDEA မြန်မာတို့ အသိပညာဖလှယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါသည်။

   တွေ့ဆုံပွဲသို့ခုံရုံးအဖွဲ့ဝင်ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင်နှင့်ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။