ပင်လုံတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ လာရောက်လေ့လာခြင်း

Tue, 02/20/2018 - 02:41 -- admin

 

ပင်လုံတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ လာရောက်လေ့လာခြင်း

   ပင်လုံတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ လာရောက် လေ့လာကြသည်။

      အဆိုပါ အဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှဌေးက ခုံရုံးဖွဲ့စည်းပုံနှင့် ရုံးလုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို က ပြန်လည်ဖြေကြား ခဲ့သည်။

      ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို က လေ့လာရေးအဖွဲ့အား ခုံရုံးမှ ထုတ်ဝေသည့် စာအုပ်များအား အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ရုံးခန်းအမှတ်(၁)နှင့် ခုံရုံးစာကြည့်တိုက် သို့ သွားရောက်လေ့လာခဲ့ကြသည်။