နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် အမေရိကန်အခြေစိုက် Open Society Justice Initiative မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.James A.Goldston ကို လက်ခံတွေ့ဆုံ

Wed, 04/04/2018 - 01:04 -- admin

 

နေပြည်တော်၊  မတ်  ၂၉

          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် အမေရိကန်အခြေစိုက် Open Society Justice Initiative မှ အမှုဆောင် ညွှန်ကြားရေးမှူး Mr.James  A. Goldston   ကို  ယနေ့နေ့လယ် ၁၂: ၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအကြောင်းသိကောင်းစရာများ၊ ဥပဒေရေးရာအရည်အသွေး တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာစေရေးအတွက် အထောက် အကူဖြစ်စေနိုင်မည့် ကိစ္စရပ်များ၊ ခုံရုံးရှိသုတေသနအရာရှိများ၏အရည်အသွေးမြှင့်တင်ရေးအတွက် အထောက်အကူပြုပေးနိုင်ရေး ကိစ္စရပ်များအပေါ်  ခင်မင်ရင်းနှီးစွာ  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းနှင့် ညွှန်ကြားရေးမှူးချုပ်တို့  တက်ရောက်ကြသည်။