၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်

Fri, 06/22/2018 - 12:40 -- admin

     နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန် ဆုများပေးအပ်ပွဲ အခမ်းအနားကို ၂၁.၆.၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

     အခမ်းအနားတွင် ခုံရုံး ဥက္ကဋ္ဌက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များတွင် ပညာဆက်လက်သင်ယူမည့် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများအား ကျောင်းသားမိဘများ ကိုယ်စား ကျောင်းသားမိဘတစ်ဦးထံသို့  ပေးအပ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား မိဘများ ကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    အခမ်းအနားသို့ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများပေးအပ်စဉ်

 

၅ ဘာသာဂုဏ်ထူးရှင် မောင်စည်သူဇင်အား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်စဉ်

 

၃ ဘာသာဂုဏ်ထူးရှင် မဆွေဇင်ဝင်းလှိုင်အား ပညာရည်ချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်စဉ်