Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ထွက်ခွာ

9-3-2018

ရန်ကုန်၊  စက်တင်ဘာလ  ၁  ရက်

         နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ၂-၉-၂၀၁၈ ရက်နေ့မှ ၅-၉-၂၀၁၈ ရက်နေ့အထိကျင်းပမည့် ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် အတွက် ယနေ့ည ၁၁:၁၅ နာရီတွင် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  လိုက်ပါပို့ဆောင်ကြသည်။

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်အတူ အဖွဲ့ဝင်အဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးဦးညီညီလွင် တို့ လိုက်ပါသွားကြောင်း သတင်းရရှိသည်။