Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် စပိန်နိုင်ငံ သံအမတ်ကြီး H.E Mr.Emilio De Miguel Calabia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

11-9-2018

နေပြည်တော် စက်တင်ဘာ ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် စပိန်နိုင်ငံ သံအမတ်ကြီး H.E Mr.Emilio De Miguel Calabia အား ယနေ့မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ−စပိန်နှစ်နိုင်ငံအကြား လက်ရှိ၌ အနာဂတ်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံတရားရုံး အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်တို့ကို အကာအကွယ်ပေးရေး၊ ခုံရုံးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲကို ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ချိုနှင် ဒေါ်လှမျိုးနွယ်၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။