Main menu

အဋ္ဌမအကြိမ်မြောက်ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခြင်း

နေပြည်တော်၊ နိုဝင်ဘာလ  ၁၅ရက်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၁၅.၁၁.၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားနာယူကြသည်။ ထိုနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ဆက်လက်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏အဋ္ဌမအကြိမ်မြောက်ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ဝန်ထမ်းမိသားစုများစုပေါင်းလှူဒါန်းသော ပဒေသာပင်တန်ဖိုးမှာ ကျပ်(၁၃၄၂၄၀ဝိ/)ဖြစ်သည်။