Main menu

National Enlightenment Institute မှ လာရောက်လေ့လာခြင်း

30.11.2018

နိုဝင်ဘာ ၂၇ ရက်

National Enlightenment Institute မှ သင်တန်းသား၊ သင်တန်းသူ (၆၃)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂း၄၅ နာရီ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာကြသည်။

အဆိုပါအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက ခုံရုံးဖွဲ့စည်းပုံနှင့်ရုံးလုပ်ငန်းတာဝန်များ၊ ခုံရုံး၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ PowerPoint ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်း၊ ညွှန်ကြားရေးမှူး ဦးမင်းသိမ်းနှင့် ညွှန်ကြားရေးမှူး ဦးဆွေတင့်လွင်တို့က ပြန်လည်ဖြေကြားခဲ့သည်။