Main menu

Constitution-building in South Africa – The Transition Process and the Role of the Constitutional Court ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

နေပြည်တော် နိုဝင်ဘာ ၂၇

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိအမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International IDEA (Institute For Democracy and Electoral Assistance) တို့ ပူးပေါင်း၍ “Constitution-building in South Africa – The Transition Process and the Role of the Constitutional Court” အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားပြီး International IDEA မှ Program Manager Mrs. Kimana Zulueta Fulscher က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် တောင်အာဖရိကနိုင်ငံ၊ Western Cape တက္ကသိုလ်မှ ပါမောက္ခ Mr. Nico Steytler က တောင်အာဖရိကနိုင်ငံ၏ အသွင် ကူးပြောင်းခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ အာဏာခွဲဝေမှု၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း၊ အရင်းအမြစ် များခွဲဝေခြင်း၊ တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ အခန်းကဏ္ဍ စသည်တို့ကို ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲကို ၂၇-၁၁-၂၀၁၈ ရက်နေ့မှ ၂၈-၁၁-၂၀၁၈ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် International IDEA Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။