Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် Japan Federation of Bar Associations(JFBA)မှ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် JICA Judicial and Legal Project မှ အကြံပေးအရာရှိချုပ်နှင့်အဖွဲ့တို့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊  ဇန်နဝါရီ    ၁၄

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် Japan Federation of Bar Associations (JFBA)မှ ဥက္ကဋ္ဌ Mr.IKEUCHI Masatoshi နှင့် ဒုတိယဥက္ကဋ္ဌများ၊  အဖွဲ့ဝင်များ၊ JICA  Judicial  and  Legal  Project မှ   အကြံပေးအရာရှိချုပ်  Mr.  NOSE  Kazunori နှင့်အဖွဲ့တို့အား ယနေ့ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်များ၊ ခုံရုံးကဆုံးဖြတ်ခဲ့သည့်တင်သွင်းလွှာများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်ဂျပန်နိုင်ငံတို့အကြား ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ JFBA က မြန်မာနိုင်ငံရှေ့နေအဖွဲ့အစည်းများအား ဥပဒေပညာပြန့်ပွားရေးအတွက် အကူအညီပေး မည့်ကိစ္စရပ်များ၊ ခုံရုံးဝန်ထမ်းများ၏အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်ဝင်း၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့တက်ရောက်ခဲ့ကြသည်။