Main menu

မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

နေပြည်တော် ဇန်နဝါရီ ၃၀

မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသင်းသင်းမာခေါင်းဆောင်သည့်ဆရာ/ဆရာမ (၁၀)ဦး၊ကျောင်းသားကျောင်းသူ (၉၆)ဦးပါဝင်သောလေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ နံနက် ၁၀ နာရီတွင် လာရောက်လေ့လာကြသည်။

လေ့လာရေးအဖွဲ့အားနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် ဒေါ်လှမျိုးနွယ်တို့ကခုံရုံးရုံးခန်းအမှတ်(၂)တွင်လက်ခံတွေ့ဆုံခဲ့ ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံရာတွင် ခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်လှမျိုးနွယ် တို့နှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအကြောင်း၊ နိုင်ငံတကာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်ရေးစနစ် စသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဒုတိယညွှန်ကြားရေမှူးချုပ် ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ power point ဖြင့် ရှင်းလင်းခဲ့ပြီးသုတေသနနှင့်လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ပိုင်ကခုံရုံး Website နှင့် Online Law Library အသုံးပြုပုံအဆင့်ဆင့်ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လေ့လာရေးအဖွဲ့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် ညွှန်ကြားရေးမှူး ဦးမင်းသိမ်းတို့က ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ခုံရုံးအဖွဲ့ဝင်ဒေါ်ခင်ဌေးကြွယ်က မုံရွာတက္ကသိုလ် ဥပဒေပညာဌာနရှိကျောင်းသားကျောင်းသူများ လေ့လာနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ထုတ်ဝေသောစာအုပ်များကို ပါမောက္ခ ဒေါက်တာသင်သင်းမာ ထံလက်ဆောင်ပေးအပ်ခဲ့ပါသည်။ထို့နောက် လေ့လာရေးအဖွဲ့ဝင် များသည် ခုံရုံးတရားစီရင်ရေးရုံးခန်းအမှတ်(၁)ကိုသွားရောက်လေ့လာခဲ့ကြသည်။